14 February 2007 St Valentine's Day ချစ်သူများနေ့

  1. ချစ်တဲ့သူကိုဖုန်းဆက်မယ်
  2. သူနဲ့ အတူတူ ကော်ဖီသွားသောက်မယ်
  3. ကန်ဘောင်မှာလေညှင်းခံမယ်
အမြဲတမ်း အစီစဉ်ကောင်းတဲ့ငါ ဒီတစ်ခါတော့ဖြစ်မလာပါလား။ သူပြောတဲ့အရမ်းမချစ်တတ်ဘူးဆိုတာ သိပ်မှန်နေပါလား။ သွေးအေးသတ္တဝါတဲ့။ ခံစားချက်မဲ့တဲ့သူပေါ့။ အဲ့ဒီလူကိုမှ ချစ်မိတာငါ့အပြစ်ပေါ့။ ငါ့စာပို့ ပေးပါ့မယ်။ နင်ချစ်တဲ့သူဆီကို။ ဒါငါ့အထင်လေ။ သူ့ကိုနင်ချစ်နေတာလို့ ။ နင်သူ့ကို မချစ်ပါဘူး။ တကယ်တော့ နင့်ရင်ထဲမှာ အတ္တတွေပဲရှိတယ်ဆိုတာနင့်ကိုနင်သိရဲ့လား။
ငါနင့်ကို အစကတည်းက မချစ်ဘဲနေခဲ့ရမှာ။ ဒီကနေ့ကစပြီး သွေးအေးသတ္တဝါတစ်ကောင်ဖြစ်အောင်ငါလည်း ကျင့်ကြံရတော့မှာပေါ့နော်။
နင့်ကိုသိပ်ချစ်တယ်အိုပါး။ ဆက်ပြီးတော့လည်းချစ်နေမယ်။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ငါမိုက်မဲစွာနဲ့ နင့်ကိုချစ်နေမယ်။

Comments

Popular posts from this blog

ငါမျက်ရည်ကျနေပါတယ်။ ဒါပေမယ့်ငါအားမငယ်ပါဘူး။

Surrender a greatest passion

Forgetting somebody