ဘဝမှာအသာနေရင် အသေနာတယ်တဲ့။ အဲ့ဒီတော့ အသေမနာအောင်
ဘဝမှာ အသာနေရင် အသေနာတတ်တယ်တဲ့။ ဖတ်ဖူးတဲ့စာစုလေးတစ်ခုပါ။ ကိုယ့်ဘဝမှာ သွန်သင်ဆုံးမခံဖူးတာကတော့ ၉ တန်းမတက်ခင် အင်္ဂလိပ်စာကျူရှင်ကို ကျမက အဖီး (အဘွား) လို့ခေါ်တဲ့ တောင်ငူ အထက (၅) ကျောင်းအုပ်ဆရာမဟောင်းကြီးဆီမှာတက်တုန်းကပါပဲ။ အသာနေခဲ့တဲ့စိတ်ဓါတ်တွေကို အဖီးရဲ့ ဆုံးမစကားတွေက ပြောင်းလဲပေးခဲ့တယ်။ နင်တို့တွေ သံချေးတက်နေပြီနော်။ ဓါးဆိုတာ သုံးမှ သွေးနေမှ ထက်တာ။ ကရင်တွေ ကွမ်းယာစား အရက်သောက်ယုံဆိုရင်တော့ မရဘူးနော်။ စာအုပ်ကိုချစ်ပါ။ စာကိုဖတ်ပါ။ ဒီဆုံးမသွန်သင်တာတွေဟာ အဲ့ဒီအချိန်က ပျင်းစရာအရမ်းကောင်းပါတယ်။ အဖီးဟာမနက်ဆိုရင် မနက် ၄ နာရီဆို စာထဖတ်လေ့ရှိပါတယ်။ အသက် ၈၀ လောက်ရှိတဲ့သူတစ်ယောက်ဟာ အဲ့ဒီအချိန်စာထဖတ်ဖို့ လိုပါသလား။ နောက် ပုံမှန် အဘိဓါန်မှာရှိတဲ့ စာလုံးတွေအားလုံးကိုလည်း ဖတ်တယ်မှတ်တယ်တဲ့။ ကျမတို့ အတွက်ကတော့ အဘိဓါန်ဆိုတာ ကိုယ် မသိတဲ့စကားလုံးရှိမှသာလျင် ဖွင့်ကြည့်ရတဲ့စာအုပ်တစ်အုပ်ရယ်လို ယူဆထားတာပါ။ အဲ့တုန်းက မနက် ၄ နာရီလည်း တစ်ခါမှ ၁၀ တန်းအောင်ပြီးသည်အထိ စာထမကျက်ဖူးပါ။ ၆ နာရီ ကျူရှင်တွေတောင်မှ အရမ်းတွေစောလို့ မတက်ပါ။ ဒါပေမယ့် အဖီးရဲ့ဆုံးမစကားတွေကြောင့် ပညာရှာရင် စာအုပ်တွေမှာရှာရတယ်ဆိုတာ နားလည်လာ...