Posts

Showing posts from 2015

၂၀၁၅ ခုနှစ်ကို ခံစားကြည့်ခြင်း

၂၀၁၅ ခုနှစ်ဟာ ကျမအတွက် အပြောင်းအလဲအများကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။  ၂၀၁၅ ခုနှစ်မှာ တစ်ချိန်က ကျမ စိတ်ထဲ တုန်လှုပ် ကြောက်ရွံ့ခဲ့တဲ့ အရာတော်တော်များများကိုကျော်လွှားနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလက စပြီး အပွင့်ပုံစံတွေ တို့ကနန်း ဆိတ်ကနန်း စတင်ဝတ်ခဲ့ရာက ၂၀၁၅ ခုနှစ်မှာ လုံးဝ အပွင့်ဖက်ရှင်တွေပဲ ဝတ်လိုက်ပါတော့တယ်။ Transvestite ကနေ နှစ်နှစ်ပြည့်ရင်တော့ Transgender ဖြစ်ပြီး WHO ICD ရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်မှု ရှိတဲ့သူ လို့ သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Transgen der ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိတဲ့သူတွေ မဟုတ်တာ လူတိုင်းသိကြပါတယ်။ ကျမ အပွင့်ပုံစံဝတ်နေတော့ တရက် အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ရုံးမှာ ကာကွယ်ရေးက အစည်းအဝေးလာတဲ့ အဖွဲ့က ကြောင်ပြီး ကျမကို ကြည့်နေကြပါတယ်။ နောက်တော့ ကကတမ်းက ဗိုလ်မှူးကြီး တစ်ယောက်က ပြုံးပြီး လေဒီ ဒိုင်ယာနာကို နှုတ်ဆက်ကြပါဦးလို့ ပြောပြီး ကြောင်ကြည့်နေတဲ့အဖွဲ့ကို အသက်ဝင်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျမရဲ့ ငုပ်လျိုးနေတဲ့ အလားအလာတွေကို ကျမရှာဖွေတွေ့ရှိခဲ့ရပြန်တယ်။ များသောအားဖြင့် ရူးပေါပေါနေတတ်တဲ့ ကျမအတွက် တည်တည်တံ့တံ့နဲ့ လ...