Posts

Depression or Procrastination

From September 2016, I left my fulltime job and started my career as a freelancer thinking I would have more time for myself, do what I want to do and also take up some courses that I have been interested in. 2015 to 2020 have been the most blooming time for our country where foreign investors, development agencies came and started their assessment works.  Those who worked as interpreters, fixers, translators and brokers would earn a fortune.  Shortage of talents in those areas even created other professionals to change their profession for better income. As someone who started freelance interpretation since mid 2012, I really did not my time but enjoyed the business fun that was created because of the high demand in the market. Life has been so easy and fun until Feb 2021 coup.  Many people lost their careers in 2020 because of the COVID pandemic but that did not effect me more than 2 months in March and April 2020 when I shifted my services to online platforms. After th...

A new chapter at the age of 40

Life has not been easy for a person who experienced coup d'etat for 2 times so far; at the age of 6 and at the age of 39 respectively.  The first time, I was a kid and it was quite hard to remember and feel the details but this time at this middle-aged, it is so hard and I would say it is traumatising. I am relatively safe now and I am revisiting this blog which I left of since 2020 and I am going to log my experience and share useful tips (maybe for survival if not for success). In December 2021, I lost a sister-like friend in a car accident.  She was a brave woman and very determined but losing her changed part of my life. Anyway, I am coming back to share....  besides I have noted down my life between April 2021 to March 2022 but I will share about them maybe some years later when things become neutral because they would still be quite risky to know at this moment.

၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအတွက်မေးခွန်းများ

ကျမကတော့ ရုတ်တရက်အလစ်ဝင်မေးတာတွေမကြိုက်ပါဘူး။ အလားတူပဲ နိုင်ငံရေးသမားများလည်းပြင်ဆင်ထားရခြင်းမရှိဘဲအမေးခံရတာမျိုးကို သိပ်နှစ်မြို့မယ်တော့မထင်ဘူး။  ကျမလဲ CB ထဲမှာ အောင်နိုင်ရေးအတွက် မတ်စေ့တွေဝင်လာပါပြီ။ အဲ့ဒီအတွက် ကျမကလည်းကိုယ်စားလှယ်တော်လောင်းကြီးများအတွက် မေးခွန်းတွေကြိုတင်စဥ်းစားလို့ရအောင်ပေးထားချင်ပါတယ်။  အဖြေကိုလည်းတိုတိုနဲ့လိုရင်းလေးတိုက်ရိုက်ဖြေပေးပါ။ ဝေ့လည်ကြောင်ပတ်နဲ့ ဘာအဓိပ္ပါယ်မှမရှိတဲ့မေးခွန်းတွေဆိုရင် ကိုယ်စားလှယ်တော်လောင်းကြီးများကိုရုပ်ပေါက်စေပါလိမ့်မယ်။ အလုံးစုံပါဝင်ခြင်း၊ ကွဲပြားစုံလင်မှုရှိခြင်း၊ ညီမျှမှုရှိခြင်းနှင့် သာတူညီမျှရှိခြင်းအကြောင်းအရာများကို မည်သို့သောအမြင်များရှိပါသနည်း။ ကျားဖြစ်ခြင်း မဖြစ်ခြင်း အစရှိသည်မည်သည့်ဖြစ်တည်ခြင်းမျိုးမဆိုသောအကြောင်းအရာများ (gender) ကိုမည်သို့နားလည်ပါသနည်း။ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကိုဖတ်ဖူးပါသလား။ မည်သို့နားလည်ပါသနည်း။ မိမိကိုယ်စားပြုနေရသောပြည်သူလူထုက မှန်ကန်နေသည်ကိုသိရှိပါက မိမိပါတီလူကြီးများ၏ရေရာမှုမရှိသော ဆင်ခြေများနှင့် အခြားအကျိုးစီးပွားများကို ကျော်လွန်ပြီး မိမိကိုယ်စားပြုသောပြည်သူများ၏မျက်နှာကို ကြည့်ပ...

Kalaw Memories on Youtube

Image

ဘဝမှာအသာနေရင် အသေနာတယ်တဲ့။ အဲ့ဒီတော့ အသေမနာအောင်

ဘဝမှာ အသာနေရင် အသေနာတတ်တယ်တဲ့။ ဖတ်ဖူးတဲ့စာစုလေးတစ်ခုပါ။ ကိုယ့်ဘဝမှာ သွန်သင်ဆုံးမခံဖူးတာကတော့ ၉ တန်းမတက်ခင် အင်္ဂလိပ်စာကျူရှင်ကို ကျမက အဖီး (အဘွား) လို့ခေါ်တဲ့ တောင်ငူ အထက (၅) ကျောင်းအုပ်ဆရာမဟောင်းကြီးဆီမှာတက်တုန်းကပါပဲ။ အသာနေခဲ့တဲ့စိတ်ဓါတ်တွေကို အဖီးရဲ့ ဆုံးမစကားတွေက ပြောင်းလဲပေးခဲ့တယ်။ နင်တို့တွေ သံချေးတက်နေပြီနော်။ ဓါးဆိုတာ သုံးမှ သွေးနေမှ ထက်တာ။ ကရင်တွေ ကွမ်းယာစား အရက်သောက်ယုံဆိုရင်တော့ မရဘူးနော်။ စာအုပ်ကိုချစ်ပါ။ စာကိုဖတ်ပါ။ ဒီဆုံးမသွန်သင်တာတွေဟာ အဲ့ဒီအချိန်က ပျင်းစရာအရမ်းကောင်းပါတယ်။ အဖီးဟာမနက်ဆိုရင် မနက် ၄ နာရီဆို စာထဖတ်လေ့ရှိပါတယ်။ အသက် ၈၀ လောက်ရှိတဲ့သူတစ်ယောက်ဟာ အဲ့ဒီအချိန်စာထဖတ်ဖို့ လိုပါသလား။ နောက် ပုံမှန် အဘိဓါန်မှာရှိတဲ့ စာလုံးတွေအားလုံးကိုလည်း ဖတ်တယ်မှတ်တယ်တဲ့။ ကျမတို့ အတွက်ကတော့ အဘိဓါန်ဆိုတာ ကိုယ် မသိတဲ့စကားလုံးရှိမှသာလျင် ဖွင့်ကြည့်ရတဲ့စာအုပ်တစ်အုပ်ရယ်လို ယူဆထားတာပါ။ အဲ့တုန်းက မနက် ၄ နာရီလည်း တစ်ခါမှ ၁၀ တန်းအောင်ပြီးသည်အထိ စာထမကျက်ဖူးပါ။ ၆ နာရီ ကျူရှင်တွေတောင်မှ အရမ်းတွေစောလို့ မတက်ပါ။ ဒါပေမယ့် အဖီးရဲ့ဆုံးမစကားတွေကြောင့် ပညာရှာရင် စာအုပ်တွေမှာရှာရတယ်ဆိုတာ နားလည်လာ...

ကျမတို့ ကလေးမယူသေးတာ ဘာဖြစ်လို့လဲဆိုတော့

ဟုတ်ကဲ့။ ကျမတို့ လင်မယားက LGBT Couple ပေါ့။ LGBT လင်မယားပေါ့။ အဲ့ဒီတော့ တော်တော်များများက ကလေးမယူဘူးလားတဲ့။ မွေးမရလည်း မွေးစားပေါ့တဲ့။ ကျမပြန်ဖြေပါ့မယ်။ ပုံမှန်အားဖြင့်တော့ လူပြိန်းနားလည်အောင် ကျမ ကလေးမချစ်တတ်ဘူးလို့ ဖြေပါတယ်။ ဒါပေမယ့် ပညာတတ်ပါလျက်နဲ့ အရမ်းကို သူများကိုယ်ရေးကိုယ်တာစွက်ဖက်ချင် နောက် သူများကို ကျဉ်းထဲကြပ်ထဲရောက်အောင် မေးခွန်းတွေမေးမေးနေတဲ့ သူတွေဖတ်ဖို့ ကျမ အခုဖြေပါ့မယ်။ ကျမဟာ လူသားတစ်ယောက်ဖြစ်ပါတယ်။ ကျမအမျိုးသားသည်လည်းပဲ လူသားတစ်ယောက်ဖြစ်ပါတယ်။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် တခြားလူသားတွေလိုပဲ ကျမတို့လည်း မိသားစု အသိုက်အမြုံလေးလိုချင်ပါတယ်။ သားတစ်ရာ မြေးတစ်ဖြာနဲ့ နေချင်ပါတယ်။ သို့သော် ကျမတို့သည် LGBT လင်မယားဖြစ်တဲ့အတွက် နည်းပညာသော်လည်းကောင်း တခြားဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခုခုကသော်လည်းကောင်း အကူအညီမယူရင် သဘာဝနည်းနဲ့ ကျမတို့ ကလေးမရနိုင်ပါဘူး။ ဒါဆိုလဲ မွေးစားပေါ့တဲ့။ မှန်ပါတယ်။ မွေးစားလို့ရပါတယ်။ မခက်ခဲပါဘူး။ ငွေရေးကြေးရေးအရလည်းတတ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်မွေးတာဟာ ခွေးတစ်ကောင်မွေးသလို ၂ လနဲ့ နို့ပြတ်ပြီး သူ့ဟာသူ တောက်တောက်တောက် မလျောက်နိုင်ပါဘူး။ ဒါကို ကလေးကို လူ...