ငါမျက်ရည်ကျနေပါတယ်။ ဒါပေမယ့်ငါအားမငယ်ပါဘူး။
မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာ ဘယ်လိုပွင့်နေပေမယ့် မိဘညီအစ်ကိုတွေကိုတော့ ရှက်သေးတာပဲလေနော်။ မယာတောင် တနယ်ခြားမှာ မို့ ဂါဝန် တကားကားနဲ့ လျောက်သွားရဲတာ။ အကယ်၍သာ ရန်ကုန်မှာဆို ရှင့်လိုပဲ ပုန်းနေရမှာလေနော်။ မယာ ညီမနဲ့ ဟိုတစ်နေ့က ဖုန်းပြောဖြစ်တယ်။ ဘာပြောလဲသိလား။ နင့်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာတဲ့ အကောင်တစ်ကောင်နဲ့ ပလူးနေတာတွေတွေ့လို့တဲ့ မယာ တစ်ဝမ်းကွဲရဲ့ သူငယ်ချင်းတွေက တစ်ဝမ်းကွဲကိုပြောကြတယ်တဲ့။ မြင်လို့တောင်မကောင်းဘူးဆိုတာလဲ ပါသေးတယ်။ ဒါနဲ့ ကျမ တစ်ဝမ်းကွဲက သူ့ အမေ မယာ အဒေါ်ကို ပြန်ပြော အဲ့ဒီကမှတဆင့် မယာ အဒေါ်တွေက ညီမကို ပြန်ပြောကြတယ်။ နောက်ပြီး နင့်အမေမသိစေနဲ့နော်တဲ့။ ရယ်ချင်တယ်တော့။ သူတို့ကရှက်တယ်တဲ့။ မယာ ညီမကတော့ မယာဘက်က မားမားမတ်မတ်ရပ်တည်တဲ့သူပါ။ မယာကို အမြဲတမ်းအားပေးသူပါ။ သူ အမြဲတမ်းပြောလေ့ရှိတာ က နင်ဘာဖြစ်နေဖြစ်နေ နင်ဟာငါ့အစ်ကိုပဲ။ ငါ့ကို အခုလို ပြုစုပျိုးထောင်ပေးတာနင်ပဲ။ နင့်ကြောင့်သာမဟုတ်ရင် ငါအခုလိုပညာတတ်ဖြစ်မှာမဟုတ်ဘူး။ ငါတို့တွေ အပူအပင်ကင်းကင်းနေနိုင်အောင် နင်မားမားမတ်မတ်ရပ်ခဲ့တဲ့ နင့်သတ္ဆိကို ငါဘယ်တော့မှ မမေ့ဘူး။ မယာ မျက်တောင်မခပ်ဘဲ မျက်ရည်တွေ ရေလောင်းချလိုက်သလို ကျလာပါတယ်။ မယာ တ...
Comments
Post a Comment